Archive for October, 2010

# လက်ထပ်မယ်ဆို ၊ ရက်မြတ်ဘယ်လို . .

October 24, 2010

.

မနေ့က ကွန့်မန့်ထဲမှာ စာဖတ်သူတစ်ယောက်က “အခုအချိန်ဟာ သီတင်းကျွတ်ပြီမို့ မင်္ဂလာဆောင်သင့်တဲ့ ရက်ကောင်းရက်မြတ်နဲ့ ပတ်သက်ပြီး ရှောင်ရန်/ဆောင်ရန်” လေးတွေ ရေးပေးပါဆိုလို့ ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်။

ဟုတ်ပါ့ဗျား။ နှစ်စဉ်နှစ်တိုင်း ၀ါလကင်းလွတ် သီတင်းကျွတ်ပြီ ဆိုတာနဲ့ – လာလိုက်တဲ့ မင်္ဂလာ ဖိတ်စာတွေ၊ များလိုက်တဲ့ မင်္ဂလာဆောင်တွေ (၀ါတွင်း (၃)လုံး “အောင့်ထား” ရသလား မှတ်ရတယ် )။ ပလူကို ပျံလို့။

တခြားလတွေကော မင်္ဂလာဆောင်လို့ မရတော့တာ ကျနေတာဘဲ။ “ကျွတ်” ဆိုတဲ့ စကားလုံးပါလို့ “လူပျို၊ အပျို” ဘ၀တွေကနေ ကျွတ်ကြ၊ လွတ်ကြအောင် “နိမိတ်ယူ” ကြတာနဲ့ တူပါတယ်။

အောင်မယ် – သီတင်းကျွတ်ရင် ပြီးတာဘဲ ဆိုပြီး ဆောင်ချင်တဲ့ရက် ဆောင်ကြတယ်လို့တော့ မအောက်မေ့လေနဲ့နော်။ ရက်ကောင်း ရက်မြတ်ကလေးတော့ ရွေးပြီး ဆောင်ကြတာဘဲဗျ။ ဗေဒင်ဆရာ ရွေးပေးတဲ့ ရက်ဖြစ်ဖြစ် ၊ ကိုယ်ကိုးကွယ်တဲ့ ဆရာတော် ရွေးပေးတဲ့ ရက်ဖြစ်ဖြစ်ပေါ့။ ဒီလိုတော့ လုပ်ကြပါတယ်။ “ဆရာတို့ ၊ ဘုန်းဘုန်းတို့ ကောင်းတယ်ဆိုရင် ပြီးတာပါဘဲ” ဆိုတဲ့လူ များပါတယ်။ (တကယ် ကောင်းမကောင်းတော့ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး)

(more…)

# အပြောင်းအလဲ များတတ်တဲ့သူ

October 17, 2010

.

မြန်မာ့ရိုးရာ သက္ခတ်ဗေဒင်ပညာနဲ့ ပတ်သက်ပြီး ကျွန်တော်ရေးခဲ့တဲ့ “ဒုက္ခပေးတဲ့ အင်္ဂါ၊ ဗုဒ္ဓဟူးစနေ အပိုင်း (၁) နဲ့ အပိုင်း (၂) ကို လေ့လာ ဖတ်ရှုပြီးသူများအနေနဲ့ “အင်္ဂါ ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ်များရဲ့ ဒုက္ခပေးတတ်တဲ့ သဘောတရားလေးတွေကို ပြန်ပြီးမှတ်မိကြပါလိမ့် ဦးမယ်။ အသက် (၃၅)နှစ်ကျော်ပြီးခန့် လူတစ်ယောက် ဆိုရင်တော့ “အင်္ဂါ ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ်များရဲ့ အတွင်း (အနည်းဆုံး) ၃ကြိမ်လောက် ဖြတ်သန်းပြီးပြီမို့ ဒီဂြိုဟ်တွေရဲ့ ဒုက္ခပေးမှုကို အနည်းနဲ့ အများ ခံစားကြဘူးကြမှာပါ။

ဒီကနေ့ ဆောင်းပါးမှာ အဲဒီ “အင်္ဂါ ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ်ဂြိုဟ်(၃)လုံးအနက် “အင်္ဂါဂြိုဟ် သက္ခတ်”အကြောင်းကို အထူးအလေးပေး တင်ပြလိုပါတယ်။ အင်္ဂါသက္ခတ်ဟာ “လောကဓံ(၈)ပါး ဗေဒင်” မှာ “လောကုတ္တရာနယ်ပယ်” ကို စ, တင် ၀င်ရောက်လာတဲ့ “စပ်ကူးမတ်ကူး” ကာလဖြစ်တယ်။

ရှေ့လာမယ့် သက္ခတ်အဆိုး (၃)ခုဖြစ်တဲ့ ဗုဒ္ဓဟူး ၊    စနေ နဲ့ ကြာသပတေး တို့ဟာ “ကောင်းမလား ၊ ဆိုးမလား” ဆိုတာကို “အင်္ဂါဂြိုဟ်သက္ခတ်” အတွင်း ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ တွေးခေါ်ကြံစည် ၊ လုပ်ကိုင်ဆောင်ရွက် ၊ ဆုံးဖြတ်မှုတွေ ဟာ အတော်လေး အရေးပါတာကို ကျွန်တော် သတိထားမိလာပါတယ်။

(more…)

# On Line ဗေဒင်ပညာသင်ကြားမှု စ,တော့မည်

October 15, 2010

On Line ကနေ ဗေဒင်ပညာ သင်ကြားပေးမယ်လို့ ကတိပေးခဲ့ပေမယ့် တော်တော်နဲ့ မစ, နိုင်ခဲ့ဘူး။ အလုပ်မအားလပ်တာရယ်၊ သင်တန်း အတွက် သင်ရိုးညွှန်းတမ်းတွေကို စီစဉ်နေရာကြောင့်ရယ် နှောင့်နှေး နေရတဲ့ အစီအစဉ်ကို အခု ပြန်လည်စတင် တော့မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသူ မည်သူမဆို အောက်မှာ တွဲပေးထားတဲ့ Form ကို ဖြည့်ပြီး ဒီအီးမေးလ် လိပ်စာအသစ် အတိုင်း ပြန်ထည့်ပေးပါ။

ယခင် စာရင်းပေးထားသူများ ကိုလည်း ယခုပေးထားတဲ့ Form မှာ ထပ်မံ ဖြည့်စွက်ပြီး စာရင်းအသစ်တင်ပေးဖို့ မေတ္တာရပ် ခံပါတယ်။ အလုပ်ရှုပ် တယ်တော့ မထင်ပါနဲ့။  အချက်အလက်တွေကိုတော့ မှန်မှန်ကန်ကန် ဖြည့်စွက်ပေးကြပါ။

.

သင်ကြားပေးမယ့် ဘာသာရပ်တွေက

= လက်ဆန်းပညာရပ်တွေဖြစ်တဲ့ (မဟာဘုတ်၊ အင်္ဂ၀ိဇ္ဇာ နဲ့ မဟာကာလကြီး)

= အနောက်တိုင်း ဂဏန်းဗေဒင် (ဆရာစံမင်း၏ မူ)

= လက်ရိုး နက္ခတ်ဗေဒင်ပညာ

= (K.P) ကေပီ စနစ် နဲ့ မဟာကာလကြီးကို ပေါင်းစပ်ထားတဲ့ “ဟူးရား-မဟာကာလကြီး” ပညာတွေကို သင်ကြားပေးပါမယ်။ လက်ရိုးနက္ခတ်ဗေဒင်နဲ့ ကေပီစနစ်ကို အခြေခံဘဲ သင်ပေးပါ့မယ်။ အဆင့်မြင့်ပိုင်းကတော့ On Line ပေါ်က သင်ကြားဖို့ မလွယ်လို့ ကိုယ့်ဟာကိုယ် ဆက်လေ့လာရပါမယ်။ (မြန်မာပြည်တွင်း နေထိုင်သူများကတော့ ကျွန်တော့်ထံမှာ လာပြီး ဆက်လက်လေ့လာ နိုင်ပါတယ်)

(more…)

# အသက်ရှည်ရာ အနာမဲ့ကြောင်း (၁)

October 5, 2010

.

ယခု ဆောင်းပါးလေးကတော့ ကျွန်တော့်ရဲ့ “ဖိတ်ခေါ်ခြင်း” ဆိုတဲ့ “ကလောင်သစ်တွေ” ပေါ်ထွန်း လာဖို့ ဖိတ်ခေါ်တဲ့ ဆောင်းပါးလေး အပြီးမှာ ပေါ်ထွက်လာတဲ့ ကလောင်သစ် တစ်ဦး ဖြစ်ပါတယ်။ ကလောင်နာမည် “သုတေတီ(မြန်မာ့ဆေးပညာ)” ဖြစ်ပြီး “မြန်မာ့ဆေးပညာနဲ့ ကျန်းမာရေး ဆောင်းပါးများ” ကို ရေးသွားတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ယခု သူ့ရဲ့ ပထမဆုံးလက်ရာဖြစ်တဲ့ “အသက်ရှည်ရာ ၊ အနာမဲ့ကြောင်း – (၁)” “ဆေးလည်း အစာ၊ ဘေးလည်း အစာ” ဆောင်းပါး ဖြစ်ပါတယ်။ အားပေး ဖတ်ရှုကြည့်ကြပါစို့။

မှတ်ချက်။                    ။ ဆရာသုတေသီ၏ လက်ရေးမူကို “ဗေဒသုခုမ” Web Page ၏ “စတိုင်” နှင့် ကိုက်ညီအောင် (ဆရာ၏ ခွင့်ပြုချက်အရ) အနည်းငယ် ပြင်ဆင်ရေးသားထားပါသည်။

———————————————————————————————————————————————————–

ဆေးလည်း အစာ ၊ ဘေးလည်း အစာ

ဒီဆောင်းပါးလေးကို သမိုင်းဖြစ်ရပ်ကလေး တစ်ခုနဲ့ စ, လိုက်ချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀)ကျော် (၅၀) လောက်က မြန်မာနိုင်ငံမှာ “နေလ၀ိဇ္ဇာ” ဆေးပညာလို့ ကျော်ကြားခဲ့တဲ့ ဆေးပညာ တစ်ခု လျှမ်းလျှမ်းတောက် ကျော်ကြားအောင်မြင်ခဲ့ပါတယ်။ ဒီပညာကို တတ်ကျွမ်းတဲ့ ဆရာတစ်ဦးဟာ ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်မြို့နယ်မှာ “နေလ၀ိဇ္ဇာ” ဆေးခန်းဆိုပြီး မြန်မာ့ဆေးခန်းလေး တစ်ခု ဖွင့်လှစ် ကုသခဲ့တာ ဘယ်လောက်တောင်မှ အောင်မြင်သလဲဆိုရင် “အနောက်တိုင်း ဆေးပညာ” နဲ့ ကုသတဲ့ ဆေးရုံတွေဟာ “ကျီးနဲ့ဖုတ်ဖုတ်” ဖြစ်သွား ရပါတယ်။

နေ့စဉ် ကြိတ်ကြိတ်တိုးနေတဲ့ ရောဂါသည် လူအုပ်ကြီးကို နေလ၀ိဇ္ဇာ ဆရာကြီးဟာ အင်မတန် ရိုးရှင်းလွယ်ကူတဲ့ ဆေးပေးနည်း နဲ့ ကုသခဲ့ရာ လူနာ ထောင်ပေါင်းများစွာဟာ ရောဂါတွေကနေ ပျောက်ကင်းခဲ့ကြပါတယ်။ ဒီ နေလ၀ိဇ္ဇာ ဆေးပညာအကြောင်း အကျယ် မချဲ့ လိုပေမယ့် နေလ၀ိဇ္ဇာ ဆေးပညာရဲ့ ကျောရိုးကို ပြောပါဆိုရင်တော့ “ဓာတ်စာ” ပါဘဲ။

(more…)

# အောက်တိုဘာလအတွက် (၇)နေ့ဗေဒင်

October 1, 2010

.

လစဉ် တင်ဆက်နေကျ (၇)ရက် သားသမီးဗေဒင်ကို တင်ဆက်လိုက်ပါတယ်။ ယခုလမှာ ထူးခြားချက် အနေနဲ့ ပုံမှန်တွက်ရိုး မဟာဘုတ် နည်းသာမက “ဟူးရား” နည်းစနစ်ပါ ပေါင်းထည့် ထားပါတယ်။ ဒါပေမယ့် (၇)ရက်သားသမီးဗေဒင် ဆိုတဲ့အတိုင်း လူတိုင်း လူတိုင်းအတွက် တော့ မှန်မှာ မဟုတ်ပါ။ တိုင်ဆိုင်သူ ရှိသလို မတိုင်ဆိုင်သူလည်း ရှိလိမ့်မယ်။ ဒါပေမယ့် ဗေဒင်ဆိုတာ တိုက်ဆိုင်မှု (၇၀)% ရှိရင် မဆိုးဘူး ပြောရမှာပေါ့နော်။

ဒီမှာ တင်ဆက်နေတဲ့ (၇)ရက် သားသမီး ဗေဒင်တွေမှာ အမြဲပါနေကျ တစ်ခုကတော့ ကိုယ်လက်ရှိရောက်နေတဲ့ “သက္ခတ်” ဘဲဖြစ်ပါတယ်။ ဟောကိန်း အမှန်/အမှား ကိစ္စတွေက “သက္ခတ်” အပေါ်မှာ အများဆုံးတည်ပါတယ်။ ကိုယ် ဘယ်သက္ခတ်ထဲမှာ ရောက်နေတယ် ဆိုတာကို သိထားရင် ဟောကိန်းလေးတွေ ဖတ်တဲ့နေရာမှာ နားလည်လွယ်မှာ ဖြစ်ပါတယ်။ ယခုလ ဟောကိန်းတွေကို ပိုပြီး တိကျချင်လို့ “သက္ခတ်” ကိုပါ ထည့်တွက် ထားပါတယ်။ ကိုယ် ဘယ်သက္ခတ်ထဲ ရောက်နေတယ်ဆိုတာ အရင်သိအောင် လုပ်ပြီးမှ ဖတ်ပါ။ မသိသေးရင်  “ဒီဇယားလေး” ကို Download လုပ်ပြီး ရှာကြည့်ပါ။ ဒီနေရာကို နှိပ်လိုက်ပါ။

ဒါမှမဟုတ လက်ဝဲဘက် Side Bar ထဲက (၅)ခုမြောက် ခေါင်းစဉ်အောက်မှာ ရှိတဲ့ “မဟာဘုတ်တွက်ကြမယ်” Box ထဲမှာ ကိုယ့်မွေးနေ့ မွေးလ မွေးနှစ်ကို ရိုက်ထည့်လိုက်ပြီး ရှာရင်လည်း ရပါတယ်။

ကဲ – ဟောကိန်းလေးတွေ ဖတ်ကြည့်ကြရအောင်။

(more…)