Archive for November, 2010

# နိုဝင်ဘာလအတွက် (၇)နေ့ဗေဒင်

November 1, 2010

.

လစဉ်ဟောကိန်းများကို စိတ်ဝင်တစား စောင့်ဖတ်ကြတဲ့ စာဖတ်ပရိသတ် များအတွက် “နိုဝင်ဘာလ- (၇)ရက်သားသမီး ဟောကိန်း”တွေကို ခပ်စောစောတော့ တင်ပေးဖို့ဘဲဗျာ။ ဒါပေမယ့် အားလုံး သိကြတဲ့ အတိုင်းဘဲလေ။ အင်တာနက် ကော်နက်ရှင်တွေက “ဂဂျိုးဂဂျောင်” ဖြစ်နေလေတော့ ဘာမှ လုပ်လို့မရဘူးဗျာ။ ကနေ့မှ ကော်နက်ရှင်လေး ရိုးတိုးရိပ်တိတ် တက်လာလို့ ကဗျာကသီ ကောက်တင် လိုက်ရတယ်။

ဒီလဟာအတွက် ဟောကိန်းတွေကတော့ ယခင်လကလိုဘဲ “ဟူးရားနည်းစနစ်” နဲ့ “သက္ခတ်ဗေဒင်” ကိုပါ ပေါင်းထည့်ထားပါတယ်။ ဒါကြောင့် ကိုယ် ဘယ်သက္ခတ်ထဲ ရောက်နေတယ်ဆိုတာလေးတော့ ကြိုသိဖို့ လိုလိမ့်မယ်နော်။ ဒါမှ အမှန်နဲ့ ပိုပြီး နီးစပ်မှာ ဖြစ်ပါတယ်။

ကဲ- ဖတ်ကြည့်ကြရအောင်။

.

တနင်္ဂနွေ သားသမီးများ

တနင်္ဂနွေ သားသမီးများအတွက် ယခုလကတော့ ကံကောင်းမှုတွေ အတော်များများ ကြုံတွေ့ရနိုင်တဲ့ လ, တစ်လဖြစ်နိုင်ပါတယ်။ “မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်” ကိန်းမျိုး ဆိုက်နေပါတယ်။ စုတ်အား ၊ စန်းအား အတော်ကောင်းနေတဲ့ လ, ဖြစ်တာမို့ တနင်္ဂနွေ သားသမီး အတော်များများ အိမ်ထောင်ကျကြလိမ့်မယ်။ အိမ်ထောင်ရေး ကိစ္စတွေ ကြုံမယ်။ လူပျိုကြီး အပျိုကြီးများတောင် စွံနိုင်တဲ့ လ, ဖြစ်ပါတယ်။

(more…)